OpenAI ကုမ္ပဏီဟာ A-SWE လို့ခေါ်တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာ AI တစ်ရပ်ကို တီထွင်နေပြီး ဒီ AI ဟာ လူသားဆော့ဖ်ဝဲအင်ဂျင်နီယာတွေရဲ့ အလုပ်တာဝန်တွေအတိုင်း အပြည့်အဝ ဆောင်ရွက်နိုင်တယ် ဆိုပါတယ်။ ပြီးခဲ့တဲ့လက Goldman Sachs ညီလာခံမှာ OpenAI ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် Sarah Friar က "ဒါဟာ အပ်ပလီကေးရှင်းတစ်ခုကို တည်ဆောက်ပေးနိုင်တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာ AI အေးဂျင့်ပါ။ သူဟာ အပ်ပလီကေးရှင်းကို တည်ဆောက်ရုံသာမက ဆော့ဖ်ဝဲအင်ဂျင်နီယာတွေ မုန်းတဲ့အလုပ်တွေကိုပါ လုပ်ပေးနိုင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒီ A-SWE AI ဟာ ကုဒ်တွေကို ရေးသားရုံသာမက အပ်ပလီကေးရှင်းတွေ ဆောက်တာ၊ အရည်အသွေးစစ်ဆေးတာ၊ ပြဿနာတွေ ရှာဖွေတာနဲ့ စာရွက်စာတမ်းတွေ ရေးသားတာအထိ လုပ်ဆောင်နိုင်တာပါ။ OpenAI ရဲ့ တတိယမြောက် AI အေးဂျင့်ဖြစ်ပြီး ဇန်နဝါရီလက ထုတ်တဲ့ ကုန်ပစ္စည်းဝယ်တာ၊ စားသောက်ဆိုင် ဘွတ်ကင်တင်တာတွေ လုပ်ဆောင်နိုင်တဲ့ Operator နဲ့ ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့တဲ့ အင်တာနက်ပေါ်မှာ ရှာဖွေပြီး သုတေသနအစီရင်ခံစာတွေ ပြုစုပေးနိုင်တဲ့ Deep Research တို့နောက်ပိုင်း ထွက်ရှိလာမှာ ဖြစ်ပါတယ်။

OpenAI ဟာ AI ဆော့ဖ်ဝဲအင်ဂျင်နီယာကို တီထွင်တဲ့ ပထမဆုံးကုမ္ပဏီတော့ မဟုတ်ပါဘူး။ ၂၀၂၄ ခုနှစ် မတ်လမှာ Cognition AI ကုမ္ပဏီက Devin လို့ခေါ်တဲ့ ကုဒ်ရေးသားရေး အကူအညီပေးတဲ့ AI ကို ထုတ်လုပ်ခဲ့ပြီး ပထမဆုံး AI ဆော့ဖ်ဝဲအင်ဂျင်နီယာလို့ ကြေညာခဲ့ဖူးပါတယ်။ ဒါပေမဲ့ တကယ့်တကယ်တမ်း ပြင်ပက စမ်းသပ်ချိန်မှာတော့ Devin ဟာ ကုဒ်အခါ ၂၀ ရေးတဲ့ထဲ ၃ ခုကိုသာ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တာပါ။

နည်းပညာလောကခေါင်းဆောင်တွေက AI ဟာ ဆော့ဖ်ဝဲအင်ဂျင်နီယာ အလုပ်တွေကို အစားထိုးလာနိုင်တယ်လို့ သတိပေးနေကြပါတယ်။ Anthropic ရဲ့ CEO - Dario Amodei က AI ဟာ တစ်နှစ်အတွင်း "ကုဒ်အားလုံးနီးပါး" ကို ရေးသားနိုင်လာမယ်လို့ ပြောထားသလို Meta CEO Mark Zuckerberg ကလဲ Meta ကုမ္ပဏီက ပုံမှန်အင်ဂျင်နီယာတစ်ယောက်လောက်အဆင့် ကုဒ်ရေးနိုင်တဲ့ AI ကို ဒီနှစ်ထဲ တီထွင်နေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ Google ကုမ္ပဏီကလဲ ၂၀၂၃ ခုနှစ်ကုန်လောက်ကတည်းက AI ဟာ ကုမ္ပဏီက "ကုဒ်အသစ်အားလုံးရဲ့ ၂၅ ရာခိုင်နှုန်း" ကို ရေးသားနေနိုင်ပြီဖြစ်တယ်လို့ ပြောခဲ့တာပါ။

Reference: https://www.entrepreneur.com/business-news/openai-is-building-ai-software-engineers/490081

ဆက်လက်ဖတ်ရှုဖို့

အေအိုင်လျှာက ပက်စီနဲ့ ကိုလာကို ခွဲနိုင်ပြီ
Researchers from Penn State in Pennsylvania have developed an electronic tongue that identifies differences in similar liquids, such as Colar and Pepsi.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!