
ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ လူတွေရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်တွေဟာလည်း အမျိုးမျိုးပြောင်းလဲနေပါတယ်။ လူတွေရဲ့ လိုအပ်ချက်ကို လိုက်ပြီး အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေက အမြဲတမ်းပြောင်းလဲနေတာကို တွေ့နေရပါတယ်။
ဥပမာ အဲကွန်းမပေါ်ခင်ကဆို အဲကွန်းပြင်တဲ့လုပ်ငန်းဆိုတာ မရှိခဲ့ပါဘူး။ ဒါကရှင်းပါတယ်။ အဲကွန်းကို တီထွင်လိုက်တဲ့အခါ အဲကွန်းရောင်းတဲ့လုပ်ငန်း၊ အဲကွန်းပြင်ဆင်ထိန်းသိမ်းတဲ့ လုပ်ငန်း၊ အဲကွန်းအပိုပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်း ဒါတွေက ကျွဲကူးရေပါအနေနဲ့ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေပြောင်းလဲနေတာဟာ ခေတ်ရေစီးကြောင်းပဲဖြစ်ပါတယ်။ အရင်တုန်းက လူတွေဟာ စိုက်ပျိုးရေးတွေလုပ်ကြ၊ နောက်ပိုင်းကြ မွေးမြူရေးပါတွဲလုပ်၊ စက်မှုခေတ်ပြောင်းတော်လှန်ရေး နောက်ပိုင်းကျ စက်ရုံတွေပေါ်ထွက်လာတဲ့အခါ စက်ရုံလုပ်သားတွေဖြစ်ကုန်ကြပါတယ်။
စက်မှုတော်လှန်ရေးကြောင်း လူတွေအလုပ်အကိုင်တွေ ပြောင်းရွေ့ကြသလို ဒီဂျစ်တယ်လုပ်ငန်း တွေကြောင့်လည်း အလုပ်အကိုင်ပုံစံတွေကလည်း ပြောင်းလဲကုန်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကြည့်ရင် ၂၀၂၅ ဆယ်စုနှစ်ရှေ့ပိုင်းတုန်းက မတွင်ကျယ်ခဲ့တဲ့ အွန်လိုင်းဈေးရောင်းလုပ်ငန်းတွေက အခုဆို ရောင်စုံဖူးပွင့်လာတဲ့ ပန်းခင်းကြီးလိုပါပဲ။ ကုန်ပစ္စည်းမျိုးစုံကို အွန်လိုင်းပလက်ဖောင်းပေါ်မှာ ရောင်းချနေလိုက်တာ ရွေးရတောင် ခက်ပါတယ်။
ဒီဘက်ခေတ် ဆယ်စုနှစ်မှာ တွင်ကျယ်လာတဲ့ Content writer, Video Editing, Animation ဒီလိုလုပ်ငန်းတွေကလည်း လူငယ်တွေအတွက် ရွေးချယ်စရာဖြစ်လာပါတယ်။ ဒီတော့ နောင် ဆယ်နှစ်လောက်ဆိုရင်ရော ဒီအလုပ်တွေက ခေတ်ကောင်းဦးမှာလား။ လူငယ်တွေအနေနဲ့ ဘယ်လိုအသက်မွေးဝမ်းကျောင်းအလုပ်ကို ရွေးချယ်ကြမလဲ။ ဘယ်လိုအသက်မွေးဝမ်းကျောင်း အလုပ်တွေက အသစ်ပေါ်ထွန်းလာမလဲဆိုတာတွေက လူငယ်တွေကြားမှာ တွေးဆစရာဖြစ်လာပါတယ်။
၁၀ နှစ်ကိုမျှော်ကြည့်သော်
လာမယ့် ၁၀ စုနှစ် ဒါမှမဟုတ် ၁၀ စုနှစ်အလွန်မှာ ဘယ်လိုအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ တွင်ကျယ်မယ်လို့ ထင်ပါသလဲ။ အပြောင်းအလဲမြန်တဲ့ နည်းပညာခေတ်ကြီးမှာ ဒီမေးခွန်းကို အတိအကျဖြေဆိုဖို့ ခက်ခဲမယ်ဆိုတာကိုတော့ အားလုံးက လက်ခံမယ်ထင်ပါတယ်။
အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေဟာ ကမ္ဘာ့နဲ့ ဒေသတွင်း စီးပွားရေးအလားအလာ၊ ပြည်တွင်း လိုအပ်ချက်၊ ပြည်တွင်းနိုင်ငံရေး ၊ စီးပွားရေး၊ နည်းပညာနဲ့ အစိုးရဲ့ မူဝါဒတွေအပေါ် အများကြီးမူတည်နေပါတယ်။ ဒီတော့ လာမယ့် ၁၀ နှစ် ဘယ်လိုအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပေါ်ထွန်းလာမလဲဆိုတဲ့ ကိစ္စဟာ မျှော်မှန်းမရနိုင်တဲ့၊ တွက်ချက်ဖို့ခက်ခဲတဲ့ကိန်းရှင်တွေကြောင့်လည်း ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမဲ့လည်း လက်ရှိအခင်းအကျင်းနဲ့ ပြောင်းလဲမှုတွေအပေါ် အခြေခံပြီး မျှော်ကြည့်ရင်တော့ အခုလို တွေ့ရပါလိမ့်မယ်။
(၁) ဒီဂျစ်တယ်နည်းပညာနယ်ပယ်နှင့် အိုင်တီဆိုင်ရာ အလုပ်အကိုင်များ
ဒီဂျစ်တယ်နည်းပညာနယ်ပယ်ကြီးဟာ ဘယ်လောက်ကျယ်ဝန်းလာပြီး သူတို့ရဲ့လူနေမှုဘဝကို နည်းပညာက ဘယ်လောက်သက်ရောက်မှုကြီးနေလဲဆိုတာ ဒီနေ့ခေတ် Gen Z တွေဆို ပိုသဘောပေါက်ပါလိမ့်မယ်။ နည်းပညာခေတ်ကြီးမှာ ဘယ်လောက်များတိုးတက်နေလဲဆိုရင် Gen Z ရဲ့ ရှေ့မျိုးဆက် Millennials တွေတောင် နည်းပညာကို မှီအောင် မနည်းလိုက်နေရတဲ့ခေတ်ကြီးပါ။
အဲဒီအခြေအနေက လာမယ့် ၁၀ စုနှစ်အတွင်း ဆုတ်ယုတ်သွားဖို့ မရှိပါဘူး။ စမတ်ဖုန်း၊ ကွန်ပျူတာတွေရဲ့ ဘေးထွက်ဆိုးကျိုး၊ ထွန်းသစ်စ နည်းပညာတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပညာရှင်တွေက ရှာဖွေတွေ့ရှိနေတဲ့တိုင်အောင် နည်းပညာနဲ့ ကင်းကွာတဲ့ လူနေမှုဘဝဖြစ်ပေါ်လာဖို့က မဖြစ်နိုင်တော့ပါဘူး။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center
မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်
Community Center . . .? ဘယ်လိုမျိုးလဲ . . .?
- ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
- အလုပ်လုပ်နိုင်မဲ့ Co-working Space
- Networking Session တွေ
- နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
- အသိပညာရေသောက်မြစ်အတွက် Library နဲ့
- တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။
ဒါကြောင့် လာမယ့် ၁၀ နှစ်အတွင်းမှာ ဒီဂျစ်တယ်နည်းပညာနယ်ပယ်နှင့် အိုင်တီနယ်ပယ်ဟာ အခုထက်ပို အဆများစွာ ပိုပြီးဖွံ့ဖြိုးလာဖို့ပဲ ရှိနေပါလိမ့်မယ်။
ဒီဘက်နှစ်တွေပိုင်းမှာ တွင်တွင်ကျယ်ကျယ် ပေါ်ထွက်လာတဲ့ ဉာဏ်ရည်တုနည်းပညာ (အေအိုင်) ကြောင့်လည်း ကမ္ဘာကြီးနဲ့ နည်းပညာ ခွဲခွာမရဖြစ်လာပြီး ဒီဂျစ်တယ်နည်းပညာနဲ့ အိုင်တီနယ်ပယ်က ရှေ့တန်းကို ရောက်သထက် ရောက်လာဦးမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ဒီဂျစ်တယ်နည်းပညာကို လူငယ်တွေ စိတ်ဝင်စားလာတာ၊ နည်းပညာတွေ မြင့်မားလာတာ၊ အစိုးရနဲ့ ပုဂ္ဂလိက ကိုယ်တိုင်ကလည်းခေတ်မီနည်းပညာတွေကို ကမ္ဘာနဲ့အမီမလိုက်နိုင်ရင်တောင် လိုက်ဖို့ကို ကြိုးစားနေကြတာကို တွေ့နေရပါတယ်။
ဒါကြောင့် နည်းပညာအလုပ်အကိုင်တွေဖြစ်တဲ့
- Software Developer တွေ၊
- Data Scientist တွေ၊
- ဆိုက်ဘာလုံခြုံရေးပညာရှင်တွေ၊
- ဒီဂျစ်တယ်ဈေးကွက်ရှာဖွေရေးသမားတွေ
ဒီလို အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေက ခေတ်စားလာဖို့ ရှိနေပါတယ်။
(၂) စွမ်းအင်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၁၀ စုနှစ်အခင်းအကျင်းကို ရှုမျှော်ကြည့်တဲ့အခါ တစ်နှစ်ထက်တစ်နှစ် စွမ်းအင်လိုအပ်ချက်က များပြားလာတာကို တွေ့နေရပါတယ်။ တစ်ဖက်မှာလည်း ရာသီဥတုပြောင်းလဲမှုကို လျှော့ချဖို့ ကမ္ဘာ့စွမ်းအင်သုံးစွဲတဲ့ပုံစံကလည်း ပြောင်းလဲလာနေပါတယ်။
မြန်မာနိုင်ငံအနေနဲ့ကတော့ နေရောင်ခြည်နဲ့ လေစွမ်းအင်လို့ သဘာဝအရင်းအမြစ်တွေက ကြွယ်ဝပါတယ်။ ဒါကြောင့် အဲဒီလို စွမ်းအင်ဆိုင်ရာ အလုပ်တွေက ပိုပြီးတွင်ကျယ်လာဖို့ရှိပါတယ်။ အထူးသဖြင့် စွမ်းအင်လိုချက်ပြောင်းလဲလာတာကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း ဆိုလာစွမ်းအင်လိုချက်က မြင့်တက်လာနေတာကို သတိပြုရပါမယ်။ လာမယ့် ၁၀ နှစ်အတွက် အသက်မွေးဝမ်းကျောင်းအလုပ်တွေအနေနဲ့ ဥပမာ ပြောရရင်
- Solar Energy Engineer
- Energy Manager နဲ့
- Sustainability Consultant တို့လို အလုပ်တွေတွင်ကျယ်လာဖို့ မျှော်လင့်ရပါတယ်။
သတိပြုရမှာက ဒီလိုအသက်မွေးဝမ်းကျောင်းအလုပ်တွေ လုပ်ကိုင်နိုင်ဖို့ ကျောင်းကောင်းကောင်းမှာ ပညာကောင်းကောင်းသင်ဖို့လည်း လိုအပ်ပါတယ်။
This post is for Supporters Only
Join our supporter community for free to access all stories and exclusive content. Your support helps deliver quality journalism.
Already a member? Sign in