Bill Gates နဲ့ သူ့ကုမ္ပဏီ အသစ် Terra Power က နေ အမေရိကန် နိုင်ငံ Wyoming ပြည်နယ် Kemmerer မြို့ မှာ နောက်ဆုံးပေါ် နျူကလီးယားဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်နေပါတယ်။ Natrium လို့ ခေါ်တဲ့ ဒီစက်ရုံဟာ 2030 ခုနှစ်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး ရိုးရိုး နျူကလီးယားစက်ရုံတွေထက် ပိုမိုလုံခြုံပြီး ပြန်လည် ပြည့် ဖြိုးမြဲလျှပ်စစ်ဓာတ်အား ကို ထုတ်ပေးနိုင်သလို ဒေသခံစီးပွားရေးတွေကိုလည်း အကျိုးရှိစေမှာပါ။
Bill Gates အဆိုအရ Natrium စက်ရုံမှာ ဆိုဒီယမ် သုံး အအေးခံ စနစ် တွေ နဲ့ ဆား ကို အသုံးပြုကာ စွမ်းအင် သိုလှောင်မှုစနစ် ကို အသုံးပြုပြီး တော့ စွမ်းဆောင်ရည်မြင့်တဲ့ နျူကလီးယားစနစ်ကို အသုံးပြုထားပါတယ်။ ဆိုးဒီယမ်ဟာ အပူချိန်အရမ်းများနေတဲ့ အချိန် မှာတောင် ဖိအားမတက်ဘဲ သာမန်စက်ရုံတွေထက် ပိုမိုတည်ငြိမ်စေပါတယ်။ အင်အားသိုလှောင်မှုစနစ်က လျှပ်စစ်ဓာတ်အား ထုတ်ပေးမှုကို ချိန်ညှိပေးနိုင်တဲ့အပြင် နေရောင်ခြည်နဲ့ လေစွမ်းအင်လို ရေနွေးငွေ့စွမ်းအင်တွေနဲ့ တွဲဖက် အသုံးပြုနိုင်စေပါတယ်။
TerraPower က ဒီစက်ရုံရဲ့ လုံခြုံရေးနဲ့ ယုံကြည်စိတ်ချရမှုအတွက် အနာဂတ် အခြေအနေမျိုးစုံကို စမ်းသပ်ပြီးသား ဖြစ်တယ် လို့လည်း ဆိုပါတယ်။ဒီစက်ရုံဟာအိမ်ထောင်စု ၄ သိန်းကျော် အတွက် လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်သလို တည်ဆောက်နေချိန်မှာပဲ အလုပ်အကိုင် ၁၆၀၀ လောက်ကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ သန့်ရှင်းတဲ့ လျှပ်စစ်ဓာတ်အားထုတ်ပေးနိုင်ခြင်းနဲ့ အတူ အမျိုးသားစွမ်းအင် လုံခြုံရေးကိုပါ ကူညီပေးနိုင်တာကြောင့် အမေရိကန် နိုင်ငံရေး ပါတီကြီး နှစ်ခုစလုံးက ရွေးကောက်ပွဲ ကြောင့် ပံ့ပိုးပေးထားပါသေး တယ်။
လက်ရှိမှာ နျူကလီးယား ကုန်ကြမ်း အတွက် ရုရှ နိုင်ငံကလောင်စာကို အားကိုးနေရပြီး အရေးကြီးပြဿနာများကို ကြုံနေရပေမယ့် အခြားနိုင်ငံတွေကနေ လောင်စာထောက်ပံ့ရေး ကို ရှာဖွေဖို့ ကြိုးပမ်းနေပါတယ်။ Bill Gates ကတော့ အမေရိကန်အစိုးရရဲ့ အကူအညီနဲ့ 2030 မှာ တည်ဆောက်ပြီး ဖြစ် ယ်လို့ မျှော်လင့်နေပါတယ်။
Reference:
(1) https://www.nytimes.com/2024/06/11/climate/bill-gates-nuclear-wyoming.html
Build Myanmar Media ရဲ့ နောက်ဆုံးရ အချက်အလက်များကို သိရှိနိုင်ရန် ...
Facebook https://www.facebook.com/buildmyanmar
YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c
LinkedIn https://www.linkedin.com/showcase/build-myanmar/
နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။
https://t.me/+6_0G6CLwrwMwZTIx
လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
Inquiry - [email protected]